Frequent Asked Questions

ပညာစုဗူး (Pyinnyar Subuu) ဆိုတာ အွန်လိုင်းမှတဆင့် မိမိသင်ယူလိုသော ဘာသာရပ်များကို အင်တာနက်ရှိရုံဖြင့် လွယ်လင့်တကူ သင်ယူနိုင်ပါသည်။ အလှူတွင် မြတ်သောအလှူမှာ ပညာအလှူဖြစ်သည်။ မြန်မာနိုင်ငံတဝှမ်းရှိ ကျောင်းသား၊ ကျောင်းသားများအား ပညာအလှူကို ကိုပညာစုဗူးမှ တဆင့်လှူဒါန်းနိုင်ပါသည်။ ကျွမ်းကျင်သောဆရာ၊ ဆရာများနှင့် ထိတွေ့နိုင်စေရန် Pyinnyar Subuu အဖွဲ့သားများမှ တာဝန်ယူပါသည်။

သင်တန်းအမျိုးအစား (၂)မျိုးရှိပါသည်။ အချိန်မရွေး ပြန်ကြည့်လို့ရသော Video class နှင့် သင်ကြားပေးသော ဆရာ၊ဆရာမများ နှင့် မျက်နှာချင်းဆိုင် (face to face) သင်ယူနိုင်သော Live classဆိုပြီးနှစ်မျိုး ရှိပါသည်။

IT programming languages သင်တန်းများ၊ Networkingဘာသာရပ်များ၊ စီးပွားရေး နှင့်စီမံခန့်ခွဲရေး (Business) နဲ့သက်ဆိုင်သောသင်တန်းများ၊ နိုင်ငံခြားဘာသာစကားအမျိုးမျိုး၊ ပန်းချီသက်မွေးပညာ၊ အခြေခံမူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာ စသဖြင့် စိတ်ကြိုက်ရွေးချယ်ပြီး သင်ယူနိုင်ပါသည်။

အီးမေလ်အကောင့် Gmail accountတစ်ခုရှိရုံဖြင့် စာရင်းပေးသွင်းပြီး ယခင်စာသင်ကြားခဲ့သော အတွေ့အကြုံ၊ ပညာအရည်အချင်း၊ အသိအမှတ်ပြု လက်မှတ်များကို အရင်တောင်းခံပါမည်။ ပညာစုဗူး(Pyinnyar Subuu) Operator Team မှ စစ်ဆေးမှုအပြီးတွင် ဆရာမ တစ်ဉီးအနေနဲ့ စာရင်းပေးသွင်းနိုင်ပါသည်။

Covidကာလမှာ အပြင်ထွက်စရာမလိုဘဲ အင်တာနက်ရှိရုံဖြင့် video သင်တန်းများ ၊ မျက်နှာချင်းဆိုင် (face to face) သင်တန်းများ သင်ကြားနိုင်ခြင်းဖြင့် အချိန်ကုန်၊ လူပင်ပန်းသက်သာခြင်း၊ သင်ကြားလိုသော ဘာသာရပ်များကို သင်ကြားလိုသည့်ကျောင်းသား၊ ‌ကျောင်းသူများထံ ရောက်ရှိအောင်ကြော်ငြာခြင်း၊ ကျောင်းသား၊ ကျောင်းသူများဆီမှ သင်တန်းကြေးများကို လကုန်ရက်တွင် တစ်စုတစ်စည်းတည်းလက်ခံရယူနိုင်ခြင်း၊ စသဖြင့် အကျိုးအမြတ်များစွာရရှိပါမည်။

သင်တန်းသား(ကျောင်းသူ၊ကျောင်းသား) များမှ သင်တန်းကြေးများကို အွန်လိုင်း ငွေပေးချေမှု အကောင့်များ (Kpay, Wavepay,... etc) နှင့် ဘဏ်အကောင့်များမှ တစ်ဆင့် ငွေပေးချေနိုင်သည်။

Gmail accountတစ်ခုရှိရုံဖြင့် လွယ်ကူစွာစာရင်းပေးသွင်းနိုင်ပါသည်။

ပညာစုဗူးဘက်မှ အသစ်ဝင်သည့် ကျောင်းသားဦးရေ စာရင်းကို ပေးပိုပြီး ဆရာ၊ဆရာများ၏ ဘဏ်အကောင့်ထဲသို့ လစဉ် လကုန်ရက်တိုင်းတွင် ငွေစာရင်းရှင်းတမ်းဖြင့် ငွေပေးချေသွားပါမည်။